s3 menu

Marquee(up)

ဇာတ်လမ်းတော့စနေပြီနော်။ ဟိုး အရင်၂၀၀၇ ရွှေဝါရောင်တုန်းကပုံတွေလာတင်ပြီး လတ်တလော ရမည်းသင်းကပုံတွေဆိုပြီး ဖွနေပါပြီ။ရှယ်မဲ့လူများ သတိထားရှယ်ကြပါ။ဘယ်လိုဖြစ်လို့ အချင်းချင်း သတ်ဖြတ်ချင်စိတ်တွေ ဖြစ်အောင် လှူံ့ဆော်နေကြသလဲ မသိဘူး။ ကြည့်လိုက်ရင် အကုန်လုံး နိုင်ငံခြားကတွေချည်းပဲ။သောက်ကျင့်တွေ တစက်မှကိုမကောင်းကြဘူး။ မီးမလာ ခြင်ကိုက် ရေပြတ် ဒုက္ခခံနေရတဲ့ ပြည်သူအချင်းချင်းတွေ သတ်ဖြတ်ကြတာကိုကွန်ပြုတာရှေ့မှာ ဟမ်ဘာဂါလေးကိုက်ပြီး အရသာခံကြည့်ဖို့ စောင့်စားနေကြလေရဲ့။ပြည်တွင်းကလူတွေ ကို ငတုံးငအတွေလို့ထင်နေကြလားမသိဘူး။ အင်တာနက်ကနေ ဒေါင်းပြီး ဖေ့ဘုတ်ပေါ်ပြန်တင်ဖွတဲ့ခေတ်ကြီးက ကုန်သွားပါပြီ ဆရာတို့ရယ်။မသေချာ မရေရာတဲ့ ပုံကို ဟုတ်မဟုတ် စစ်ချင်ရင် ပထမဆုံး အဲဒီပုံကို အရင်ဆုံး ဒေါင်းလိုက်ပါ။ပြီးရင် Google Image ကိုသွားပါ။ Search box ထဲက ညာဘက်ထောင့်ဆုံးမှာ ကင်မရာပုံလေးကို ကလစ်လိုက်ပါ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ပုံကို attach file တွဲတင်ပြီး search လုပ်လိုက်ပါ။ အဲဒီပုံက အင်တာနက် ပေါ်ကယူထားတာဆိုရင် သူနဲ့ ဆိုင်တဲ့ လင့်များကို တွေ့ရပါလိမ့်မယ်။ အလိမ်အညာခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။